ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ချမ်းမြသာစည်  ဒီဇင်ဘာ  ၁၈

၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူမဲပေးကြမယ်အသိပညာပေး လက်ကမ်းစာစောင်များကို ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ဒီဇင်ဘာ ၁၈ ရက်နေ့နေ့လယ် ၁၂ နာရီခွဲအချိန်က ဖြန့်ဝေခဲ့ကြသည်။

ရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အတွင်းရှိ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူလူငယ်များအား “ရွေးကောက်ပွဲတွင် ဒို့အတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)