ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွက် ကြိုတင်ဆန္ဒမဲပေးနေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများသို့ ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးနေမှုများအား မဟာအောင်မြေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသက်ဆွေဦး၊ ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးခြင်းများ  လိုက်လံကြည့်ရှုခြင်းနှင့်အတူ မဲရုံများစစ်ဆေးရာတွင် မဲရုံမှူးများနှင့် တာဝန်ရှိသူများအား မဲစာရင်းများတိကျမှန်ကန်မှူရှိစေရေး၊ မဲရုံများ၏ လုံခြုံရေးအခြေအနေများထားရှိစေခြင်း၊ မီးဘေးလုံခြုံရေးအခြေအနေများ ကြိုတင်ကာကွယ်ထားရှိစေရေး အကြောင်းအရာများကို မှာကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)