မဟာအောင်မြေ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းမဝေးကို ယနေ့မွန်းလွဲပိုင်းက ကျင်းခဲ့သည်။
ဦးစွာ လုပ်ငန်းညှိနှုင်းအစည်းအဝေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာများနှင့် မဲရုံအလိုက် တာဝန်ပေးအပ်ထားသော မိမိဌာနမှ ဝန်ထမ်းများအား သေချာစွာ မှာကြားဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်က နိုင်ငံသားများ မဲပေးခွင့်အခွင့်ရေးမဆုံးရှုံးစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီးမှုများအပေါ် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်၍ စာရင်းပို့ပေးစေလိုကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စည်သူကျော်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီသီးဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း