မုဒုံမြို့၌ “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မုဒုံ ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်၊ မုဒုံမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက မြို့အဝင်ဆိုင်းဘုတ်၊ ရွှေဟင်္သာစျေး​ရှေ့၊ ကန်ကြီးဘုရားရှေ့နှင့် ကမာဝက်မြို့နေရာလေးနေရာ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့က အဆိုပါနေရာများတွင် “ဒို့အတူတူမဲပေးကြမယ်” (Billboard) အလျား ၁၆ ပေ၊ အနံ ၈ ပေ တစ်ချပ်၊ အလျား ၈ ပေ၊ အနံ ၄ ပေ သုံးချပ်အရွယ်အစားအားစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် လူစည်ကားရာနေရာများ၌ လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအား တာဝန်ရှိသူများက “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင် (၂၀၀၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)