ထားဝယ်မြို့၌ မဲရုံများ မီးဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်

ထားဝယ် ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် ဆန္ဒမဲပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အတွင်းရှိ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများ၌မြို့နယ် မီးသတ်ဦးစီးမှူးဦးဆောင်၍တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးမျာနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မဲရုံများအတွင်းအပြင်၊ စာသင်ခန်းများနှင့်ကျောင်းဝန်းအတွင်းမီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေးပစ္စည်းများ ကောင်းမွန်မှု ရှိ၊ မရှိစစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေး ရှင်းလင်းကာ အရေးပေါ်မီးသတ်ဆေးဘူးအသုံးပြု၍မီးငြှိမ်းသတ်နည်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း  သိရသည်။

ငွေဇင်ယော်(ထားဝယ်)