မြင်းခြံ ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာ ဇင်မာသန်းထွန်း ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလင်း၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှပူးပေါင်းကာ အမှတ်(၁၁) ရပ်ကွက် ဓမ္မာရုံ၌ အသက် ကိုးနှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေး ၄၀ ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြသည်။
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်ရှိနေသေးသည့် သီလရှင်ကျောင်းများသို့လည်း သွားရောက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)