ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ကြံခင်း နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်၊  မီးလောင်ဆုံးရှုံးမှုလျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သောအဖွဲ့မှ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများနှင့်အတူ မြိုနယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဘက်ရဲမြို့မဈေးတွင် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက် မီးလောင်မှုနှင့် ကြုံတွေ့ပါက (DCP)မီးသတ် ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ရန် အသုံးပြုပုံများနှင့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် အချက်များကို ဈေးရောင်းသူပြည်သူများအား ရှင်းလင်းခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊  ရေလှောင်ကန်များ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ ထားရှိခြင်းနှင့် မီးပေါ့ဆမှုမရှိစေရန် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ပုဒ်ထားရှိခြင်းကို ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)