ကံမမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေး

ကံမ နိုဝင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဆောင်းသီးနှံ နေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီရေး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ကံမမြို့နယ်တာဝန်ခံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာဆိုင်ရာများ၊  ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲ၌   ကံမမြို့နယ်တာဝန်ခံ    ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့   အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက အမှာစကားပြောကြားရာတွင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမှု လျာထားချက်ပြည့်မှီစေရေး မိမိတို့တာဝန်ကျရာကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆောင်းနေကြာ စိုက်ပျိုးကြသည့် တောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  ခရိုင်အဆင့်    ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်းသီးနှံနေကြာစိုက်ပျိုးမှုနှင့်   ပတ်သက်၍      ရှင်းလင်းတင်ပြပြီးနောက် ဆောင်းနေကြာ  အပြည့်အဝအောင်မြင်စွာ အကောင်ထည်ဖော် စိုက်ပျိုးနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုအလိုက် တာဝန်ပေးအပ်ထားရှိသည့် ဌာနဆိုင်ရာတစ်ဦးချင်းက သက်ဆိုင်ရာနယ်မြေအလိုက် စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)