မြစ်သားမြို့နယ်အတွင်း၌ စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေး

မြစ်သား  နိုဝင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့်  စားသုံး သူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် မြစ်သားမြို့၊  မြို့မအနောက်ရပ်ကွက်ရှိ  မြို့မစျေးတောင်ဘက်ဝင်ပေါက်အနီး၌ ယနေ့နံနက်(၈)နာရီကရောင်းချပေးကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူဦးစီးဌာနမှ ဒေါ်ဇာဇာအေးနှင့်ဝန်ထမ်းများက မြစ်သားမြို့ရှိ ပြည်သူများကို တစ်ဦးလျှင်စားအုံးဆီ (၅၀)ကျပ်သားနှုန်းဖြင့် ဆီ(၃၃၀)ပိဿာအားစျေး နှုန်းချိုသာစွာဖြင့် ရောင်းချခဲ့ကြောင်းစာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)