မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၁၁

မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် ဝန်ထမ်းများ၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့နှင့်ပတ်သက်၍ ၁၉၂၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများ နယ်ချဲ့အင်္ဂလိပ် ဗြိတိသျှ တို့၏ ကျွန်ပညာရေးစနစ်ကို စတင်သပိတ်မှောက်ရာမှ အမျိုးသားနေ့အဖြစ် သတ်မှတ်ကြပြီး နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်တဲ့ အကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းကလည်း အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဟောပြောရာတွင် အမျိုးသားအောင်ပွဲနေ့သည် ယခုဆို (၁၀၂) နှစ် မြောက် ဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမြဲအမှတ်တရ ရှိနေပြီး အမျိုးသားရေး စိတ်ဓာတ်၊ ယဉ်ကျေးမှု အမွေအနှစ်များ အစဉ်ထိန်းသိမ်းစောင့်ရှောက် စေလိုကြောင်း အကျယ်တဝင့် ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် ပတ်သက်၍ နံရံကပ် စာစောင်များ ခင်းကျင်းပြသပြီး ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း