၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်း ဉာဏစွမ်းရည် ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟန်းမြို့နယ် မူလတန်းကြိုကျောင်းအမှတ်(၁)တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည်အစည်း အဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်​နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ဆောင်ရွက် ခဲ့ကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ဟိုပုံးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်နည်း နည်းပညာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အောင်သာယာရပ်၊ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးဉီးစီးဌာန၊ ခရိုင်/မြို့နယ်ဉီးစီးမှူးရုံးမှ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့်နေကြာစိုက်ပျိုးထုတ်လုပ်နည်း နည်းပညာသင်တန်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေဘိုမြို့ အထက(၃)၌ လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library  Bus ဖြင့်  ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus)ဖြင့် ယနေ့နံနက်က သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။  

ကလေးဝမြို့တွင် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ သည်။

မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ဝန်ကြီးချူပ်ဖလား(၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်အလွတ်တန်း အမျိုးသားဘောလီဘော​ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်က မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် များတက်ရောက်ခဲ့သည်။

စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

သာ​ကေတမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာ​​ကေတမြို့နယ်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာတတ်စေရန် ရည်ရွယ်၍ ယမန်နေ့​နေ့လယ်(၁:၀၀)နာရီမှ(၃:၀၀)နာရီအထိ သာ​ကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
Subscribe to