ကျောင်းကုန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်နှင့် အားကစားပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းကုန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်နှင့် အားကစား ပြိုင်ပွဲများအား ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တောမီးလောင်ကျွမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူးငွေ့ ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးက လေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် online မှ တောမီးလောင်ကျွမ်းခြင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူးငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာအသိပညာပေး(Talk Show)ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး ဟောပြောခြင်း စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ စာအုပ်စာပေများနှင့် နံရံကပ်စာစောင်ပြသခြင်း တို့ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ကဒါရပ်ကွက် (ကဒါဈေး)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများ ခင်းကျင်းပြသ

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များအား သိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာ ပြခန်းများအား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိကွင်းတွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က အောက်မင်္ဂလာရပ်ကွက် ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာဒုံး အကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိရာ ယခင်နှစ်များထက် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပိုများပြီး ပြိုင်ဆိုင်မှုကောင်းမွန်ကာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက သီရိကွင်းဒုံးစင်မြင့်ထက်၌ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ဘားအံမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဒေသအတွင်းဆန်နှင့်ဆီ စားသုံးမှုဖူလုံ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲရန် ရည်ရွယ်ချက်ဖြင့် “စမ်းပွင့်” ဆီစက်လု်ပငန်းရှင်များ သမဝါယမအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းများသို့ ထောက်ပံ့ချေးငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ ယမန်နေ့နံက်(၇)နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၊ မဟာဝိဇယရံသီတန်း ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to