ရွှေကျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးကဗျာနှင့်သက်ဆိုင်သော အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Book Club)အဖွဲ့ဝင်များနှင့် လူငယ်များက စာရေးဆရာ ခိုင်ချစ်အောင် ရေးသားသော"စက္ကူလှေနှင့် ကလေးကဗျာ(၁၀၀)"စာအုပ်ဖြင့် ကဗျာနှင့်သက်ဆိုင်သော အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။