ရွှေကျင် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Book Club)အဖွဲ့ဝင်များနှင့် လူငယ်များက စာရေးဆရာ ခိုင်ချစ်အောင် ရေးသားသော"စက္ကူလှေနှင့် ကလေးကဗျာ(၁၀၀)"စာအုပ်ဖြင့် ကဗျာနှင့်သက်ဆိုင်သော အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ကဗျာသည်အရာရာကို ပြောဆိုခြင်းနည်းတကာတွင် အလှဆုံးဖြစ်သောနည်း၊ အကောင်းဆုံး စွဲထင်စေသောနည်း၊ အကျယ်ပြန့်ဆုံး ထိရောက်သောနည်း အထိဆုံး၊ အမိဆုံး၊ အငြိဆုံးနည်းဖြစ်သောကြောင့် ကဗျာကိုချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး (Book Club)အသင်းမှ ဦးကျော်ရဲလွင်က ကလေးငယ်များကဗျာကို စိတ်ဝင်စား၍ ကိုယ်တိုင်ရေးတက်စေရန် ကဗျာစာအုပ်များကို များများဖတ်မှတ်ပြီး လေ့ကျင့်ကြရန် စတင်ဆွေးနွေးပြီး မောင်အေးမင်းမှ "စက္ကူလှေ"ကဗျာဖြင့်လည်းကောင်း၊ ဦးသူရအောင်မှ "ကျောင်းသွားကြပါစို့" ကဗျာဖြင့်လည်းကောင်း၊ ဦးသောင်းလွင်မှ "စုပေါင်းညီညာပျော်စရာ" ကဗျာဖြင့်လည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)