မင်းလှ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ​ပေး

မင်းလှ  နိုဝင်ဘာ ၁၄

၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်း၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ၂၈-၁၁-၂၀၂၁ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ပညာရေးမျော်မှန်းချက်၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးစာရင်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည့်တို့ပါဝင်ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)