ဘားအံခရိုင် Community Centre  ခန်းမတွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ နိုဝင်ဘာ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက် ဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဘားအံခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၁၉-၉-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ-၆၆/၆ (အထစ)နှင့် ပတ်သက်သည့် အခက်အခဲများအား သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ချက်များ၊ ၂-၁၁-၂၀၂၂ ရက်နေ့တွင် ဒုတိယအကြိမ် ထုတ်ပြန် ခဲ့သည့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ပါ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အဆိုပါ အသိပေးထုတ်ပြန်ချက်များအား နေ့စဉ် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဌာနပိုင် Website ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ခရိုင်/ မြို့နယ် Website မှ တစ်ဆင့် မိဘပြည်သူများသို့ အသိပေးတင်ပြလျက်ရှိကြောင်းနှင့်   ဘားအံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဘားအံ/လှိုင်းဘွဲမြို့နယ်များရှိ လမ်းဆုံ၊ လမ်းခွ၊ လူစည်ကားရာနေရာများ၊ အဝေးပြေးဂိတ်နှင့် သံလွင်တံတားစစ်ဆေးရေးဂိတ်များတွင် မိဘပြည်သူများ သိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဗီနိုင်းပိုစတာများ စိုက်ထူးခြင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်    Website များတွင်လည်း အသိပေးတင်ပြလျက်ရှိကြောင်း သိရသည်။

ဘားအံခရိုင်ဦးစီးမှူးရုံးအနေဖြင့်  ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင် နိုင်ငံသား/ဧည့်/ပြုနိုင်ငံသား အခြားအသိအမှတ်ပြု ကတ်ပြားကိုင်ဆောင်သူ  ဘားအံမြို့နယ်တွင် (၄၉၆၀၀၀)ဦး၊ အိမ်ထောင်စု (၁၀၇၄၇၅)စု၊ လှိုင်းဘွဲမြို့နယ်တွင် (၃၁၅၇၀၀)ဦးနှင့် အိမ်ထောင်စု(၅၈၈၀၅)စုတို့အား e-ID ၊ Biographic Registration Software နည်းပညာဖြင့်  စာရေးသွင်းပြီး ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းတွင် နိုင်ငံသားကတ်နှင့် (အထစ) ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်သူများအား စစ်ဆေးတွေ့ရှိရ၍ သက်ဆိုင်ရာရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လာရောက်ဆောင်ရွက်ရန် အသိပေးပြီးဖြစ်ကြောင်း ဘားအံခရိုင်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်ထံမှ သိရသည်။                                ခရိုင်(ပြန်/ဆက်)