ကလိန်အောင် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ပုံတူ ဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ၁၃၈၄ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ပုံပြောပြိုင်ပွဲပြုလုပ်ကျင်းပခြင်း ဖြင့် အနာဂတ်အမျိုးဆက်သစ် ကျောင်းသားကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုံတူပန်းချီများရေးဆွဲတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွးများကောင်းမွန်စေရန် အသိပညာများတိုးပွား လာစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှကျောင်းသားကျောင်းသူ(၂၃)ဦးခန့် ပါဝင် ယှဉ်ပြိုင်ကြပြီး ပုံတူဆွဲပြိုင်ပွဲကို မိမိတို့ စိတ်ကြိုက် ရုပ်ပုံများကို ဆွဲခဲ့ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမင်းအောင်(ကလိန်အောင်)