မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ နိုဝင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ် သရက်ပင်ကျေးရွာအုပ်စု သရက်ပင်(အရှေ့)ကျေးရွာရှိ ဒေသခံများသွားလာရ အဆင်ပြေစေရေးအတွက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ Cash For Work  စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ဖြင့် အရှည် ပေ ၂၄၅၀ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို သြဂုတ်လ  ၆ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက စုပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ အိမ်ခြေ ၁၁၆ အိမ် ၊ လူဦးရေ ၇၆၇ဦးရှိသည့် သရက်ပင်(အရှေ့) ကျေးရွာမှ ဒေသခံပြည်သူများ  ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work  စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း(၁၀၀)ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလှမ်းများ ဖော်ဆောင်ပေးခြင်း ဝင်ငွေရရှိ စေရန်နှင့် ကျေးရွာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work  စီမံကိန်းကို အကောင်အဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)