ပန်းတောင်းမြို့နယ် ပဲကြီးကျေးရွာတွင် (၀.၁၀)ဧက မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံက်ပိုင်းက ပဲကြီးကျေးရွာအုပ်စု၊ ပဲကြီးကျေးရွာ ကွင်းအမှတ်(၂၁၀)မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးကျော်မိုး၏ လယ်ယာမြေ(၃.၀၀) ဧကတွင် ကျင်းပခဲ့သည်။