ဗဟန်း နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀:၀၀ နာရီမှ ၁၁:၀၀ နာရီအချိန်ထိ ငါးထပ်ကြီးအနောက်ရပ်ကွက်၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ရိုးမဘဏ်အနီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ရွှေဂုံတိုင်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်မောင်းနှင်သူတစ်ဦးလိုက်နာရမည့်စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းများအား သိရှိလိုက်နာစေရန်စသည့်အချက်များကို အသိပညာပေးခြင်းနှင့် စည်းကမ်းမဲ့မောင်းနှင်းသည့်ယာဉ်များအား စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့စသည့် မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းများစနစ်တကျဖြစ်၍ ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာဌေး(ပြန်/ဆက်)