ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ဇီးကုန်း    နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ဗဟုသုတရှာဖွေတတ်ကြစေရန်နှင့် ကျောင်းသားလူငယ်များအား ပြိုင်ပွဲများတွင် အလေထားဂရုတစ်စိုက် ယှဉ်ပြိုင်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လစဉ်ပြိုင်ပွဲများအား ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး အခြေခံပညာမူလတန်းတန်းကျောင်း(အ.မ.ကသိမ်ကြီးရိုး)မှ  ကျောင်းသား/ ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်ပထမ၊   ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသားကျောင်းသူများကို  နတ်တလင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဝင်းမာက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ပြသထားသော အမျိုးသားအောင်ပွဲနေ့ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)