စမ်းချောင်း နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေးနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်စေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာပေချစ်မြတ်နိုးသူမောင်ဝေလက ကံဆိုးတိုင်း မိုးမမှောင်ပါ၊ စာတတ်ဖို့စာဖတ်ဖို့၊ လူငယ်နှင့်သည်းခံမှု ခေါင်းစဉ်ပါစသည့် အကြောင်းအရာများ ဆွေးနွေးပြီး ကိုတက်ရောက်လာသော စာပေဝါသနာရှင်များက မိမိတို့အမြင်များကို အချင်းချင်း ဖလှယ်ကာအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း