ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အင်းလေးဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နိုင်ရန်နေသည့်အချိန်တွင်   ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသရှိ ဒေသထွက်ကုန်များ ထုတ်လုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိများသည် အင်းပေါခုန်ကျေးရွာရှိ ခေတ်ဆန်းယဉ်  ကြာ၊ ပိုးနှင့် ချည်ယက္ကန်းရုံတို့အား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း သီရိခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရာ မြစ်ကြီးနား ခရိုင်အခြေခံပညာဦးစီးဌာန ခရိုင် ပညာ‌ရေးမှူး ဦးရဲအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အမရပူရမြို့နယ်တွင် ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းသေကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးဌာနအနေဖြင့် ကလေးသူငယ်များကို အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ်၌ မြို့နယ်အဆင့် Grade-5 စာမေးပွဲဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်းများ အဆင့်မီကောင်းမွန်ရေးလိုအပ်သကဲ့သို့ စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများအရည်အသွေးမြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့နယ် အ.ထ.က(၂)ကျောင်းခန်းမ၌ ကျင်းပသည်။

မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက် အပင်ပေါင်း (၃၀ဝ၀)ပင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ ​မြို့သစ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သစ်တောများပြုန်းတီးမှုမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုအပူဒဏ် ကာကွယ် နိုင်ရေးအတွက် မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနက သဘာဝတောထိန်းခြင်းအတွက်  စိုက်ပျိုးခဲ့သည်။

နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်းစာစောင်များကို အနာဂတ်၏ ခေါင်းဆောင်များဖြစ်မည့် ကျောင်းသား/သူ လူငယ်လူရွယ်များ မေ့မရနိုင်သည့် အမျိုးသားအောင်ပွဲနေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား/သူများ၏ လက်ဝယ်အရောက်  သွားရောက် ဖြန့်ဝေခဲ့သည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်မိသားစုဝင်များအား အခမဲ့ငှားရမ်းပေးကြသည်။

မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to