လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် အလှူရှင်များက စတုဒိသာဧည့်ခံကျွေးမွေး

လှိုင်းဘွဲ နိုဝင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်များရရှိစေရန်အတွက် စေတနာရှင်၊ အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများကျွေးမွေးလှူဒါန်းလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လှိုင်းဘွဲမြို့(က)ရပ်ကွက်၌ စတုဒိသာကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။

စတုဒိသာကျွေးမွေးဧည့်ခံခြင်းကို လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှဦးဆောင်၍ ရပ်ကွက်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များကစုပေါင်း၍ ထမင်း/ဟင်း၊ ငပိရည်၊ တာလပေါ့၊ ငါးခြောက်၊ တို့စရာနှင့် အချိုရည်တို့ကို ကျွေးမွေးဧည့်ခံခဲ့ပြီး ပြည်သူများကလည်း ဝမ်းမြောက်စွာလာရောက်စားသုံးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)