ပခုက္ကူမြို့၌ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့စာတော်ပြန်ပွဲ (ဒုတိယဆင့်နှင့် တတိယဆင့်ဝိနည်းဘာသာရပ်) ဖြေဆိုမည့် စာရင်းရှိ ၃၀၉ ပါးအနက် ဒုတိယဆင့်တွင် သံဃာတော် ၁၃၉ ပါး၊ သီလရှင် ၆၆ ပါး၊ တတိယဆင့်တွင် သံဃာတော် ၂၃ ပါး၊ သီလရှင် ၁၇ ပါး၊ စုစုပေါင်း ကြွရောက်ဖြေဆိုသူ ၂၄၅ ပါးရှိကြောင်း ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီးဥက္ကဋ္ဌ ဦးသိန်းလွင်ထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)