တောင်သာမြို့နယ် ပြန်ဆက်ဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

တောင်သာ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်  (၁၀) နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (အနောက်ရပ်) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  သတင်းစကားစာစောင်ကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာ အလယ်တန်းကျောင်း (အနောက်ရပ်) ကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေဖြန့်ချီသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ (၂၈-၁၁-၂၀၂၁) ရက်နေ့တွင် (၁၀၁) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၃-၁-၁၉၄၆) ရက်နေ့ ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ အမျိုးသားရေး အားမာန်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်  သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊၂၀၂၂ခုနှစ်   (၁၀၂)  နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာဘိုမျိုး (ရွှေဘို) ရေးသားသည့်   သူ့ကျွန်မခံအမျိုးသားအားမာန်ကဗျာနှင့် သရုပ်ဖော်ကာတွန်းများ စသည်တို့ပါရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)