ဂွမြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေး

ဂွ   နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၅၀ကီလို တစ်အိတ်လျှင်(၃၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသည့်အခမ်းအနားအစီအစဥ်ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ကုန်ဈေးနှုန်းကြီးမြင့်သည့် အနေအထားတွင် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများအပေါ် စေတနာထားပြီး ဓာတ်မြေသြဇာများအားဈေးနှုန်းချိုသာစွာ ရောင်းချပေးမှုအပေါ် အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းကမြေသြဇာများ ရောင်းချပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး တာဝန်ရှိသူများက တောင်သူများကို ဓာတ်မြေသြဇာ၅၀ကီလို တစ်အိတ်လျှင် (၃၈၀၀၀)နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ရောင်းချပေးသည့် ဓါတ်မြေသြဇာများသည် နေကြာစိုက် တောင်သူများအား အဓိကထား ရောင်းချပေးခြင်းဖြစ်ပြီး ဂွမြို့နယ်တွင် စာရင်းအရနေကြာစိုက်ဧက (၁၇၆)ဧကရှိပြီး တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်