စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်

မိုင်းနောင် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်သို့ စာအုပ်၊ စာစောင်များကို ယမန်နေ့၊ မွန်းလွှဲ(၃)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသောဌာနဆိုင်ရာရုံးဝန်ထမ်းများ စာအုပ်၊ စာပေများအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများရရှိ​စေရေးနှင့် အားလပ်ချိန်တွင်စာအုပ်စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)