သံတွဲ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို အ.ထ.က (ခွဲ) မြို့မ ကျောင်း၊ ပန်းသဇင်ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် တူယှဉ်နွှဲပျော် အမျိုးသားပွဲတော် ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲဝင် အထက်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၈) ဦး ၊ အမျိုးသားအောင်ပွဲ တို့ဆင်နွှဲ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၅) ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အမျိုးသားနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅) ဦး၊ အမျိုးသားနေ့နှင့် ကျွန်ုပ်တို့တာဝန်ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် (၁၄) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရပြီး ယနေ့တွင် ဆုရရှိသူများအား အ.ထ.က (ခွဲ) မြို့မကျောင်း၊ ပန်းသဇင်ခန်းမဆောင်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သိရသည်
နေမျိုးအောင် (ခရိုင်/ပြန်ဆက်)