ကော့ကရိတ်မြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကော့ကရိတ် နိုဝင်ဘာ ၁၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အထက(ခွဲ)လိုင်ဝကျောင်း၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံအကြောင်းများကို ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျောင်းသား/ သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်စာရင်း၊ အမျိုးသားရေးဆောင်ပုဒ်များ၊ ကဗျာ၊ ကာတွန်း စသည့် အမျိုးသားရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင် ပြန်ဆက်)