ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ (ဆင်းသွယ်လတ်) မျိုးစေ့ထုတ် စံပြစိုက်ခင်းရိတ်သိမ်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သွားရောက် ကြည့်ရှု

ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာအုပ်စုရှိ ဆားငံဒဏ်ခံ(ဆင်းသွယ်လတ်) မျိုးစေ့ထုတ် မိုးစပါး စံပြစိုက်ခင်း(၇.၆၀)ဧက ရိတ်သိမ်းနေမှုအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အ.ထ.က(သုံးဆယ်) ပီမိုးနင်းခန်းမတွင် ကျင်းပရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သာယာဝတီမြို့နယ် အထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းအုပ်ကြီးများနှင့်ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပိုင်ကျုံမြို့အ.ထ.ကကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ အန္တရာယ်ကင်းသည့် စားသုံးကုန်များ ရောင်းချရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးတို့အတွက် ယမန်နေ့နံနက်ပိုင်း က ဌာနဆိုင်ရာတာဝန်ရှိသူများက ဗဟိုဈေးကြီးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန် က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်း ကုန်ထုတ်အရင်းအနှီးများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ ယဉ်ကျေးမှုအမွေအနှစ်များ  မီးဘေးအန္တရာယ်မှ ကင်းရှင်း‌စေရေးအတွက် ယနေ့မွန်းလွဲ (၁) နာရီက မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးအကြံပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

၂၀၂၂- ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

သထုံမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁)သထုံကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to