ပိုင်ကျုံ နိုဝင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘာအံခရိုင် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပိုင်ကျုံမြို့ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲကျင်းပ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်သူဇာထွေး က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့၏ ပြဌာန်းသော ရန်ကုန် တက္ကသိုလ်အက်ဥပဒေများ၊ (YMBA) အသင်း ဖြစ်ပေါ်လာပုံနှင့် (GCBA)အသင်း ဖြစ်ပေါ်လာပုံ အကြောင်းများ၊ အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေး သိကောင်း စရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်နှင့် မျိုးချစ် ကျောင်းသားကြီးများ၏ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို အသိပညာ ဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)