သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

သာယာဝတီ       နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အ.ထ.က(သုံးဆယ်) ပီမိုးနင်းခန်းမတွင် ကျင်းပရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သာယာဝတီမြို့နယ် အထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းက  (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း၊ သာယာဝတီမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းနှင့် ဇာတိမာန်သီချင်း တို့ဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခဲကြောင်း၊ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သာယာဝတီမြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းစာစီစာကုံးပြိုင်ပွဲတွင် ဆုများအသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက်အမျိုးသားနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သန့်ဇော် (ပြန်/ ဆက်)