ဒလမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒလ   နိုဝင်ဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးစည်သူကျော် က ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်း က ကလေးသူငယ်ဆိုင်ရာပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများကာကွယ်စောင့်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်ရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးနှင့် စေသနာ့ဝန်ထမ်းလုပ်ငန်း၊ စေသနာ့ဝန်ထမ်းထောက်ပံ့ရေးနှင့် ပူပေါင်းရေးလုပ်ငန်း၊ လူမှုကာကွယ်ရေး လုပ်ငန်းစသည့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်အကြမ်းဖက်မှု၊ လစ်လျူရှုမှု၊ ခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပူပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်ဇော်  (ပြန်/ဆက်)