မရမ်းကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်းအမှတ်စဉ်(၂/၃)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေအနီအသင်းတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်ပိုင်းက ရှေးဦးသူနာပြု အခြေခံသင်တန်း အမှတ်စဉ်(၂/၃) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

တီးတိန်မြို့၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပပြုလုပ်

ချင်းပြည်နယ်တီးတိန်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တီးတိန် အထက- ၁ စံကိုက်ညီခန်းမတွင် ယနေ့၉နာရီခွဲက ပြုလုပ်သည်။

ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ၌ ကျင်ပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သော်ကဆောင်ခန်းမတွင် ကျင်းပခဲ့သည်။ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် သာပေါင်းမြို့နယ်၊
Subscribe to