မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာစွမ်းရည် ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေလီခန်းမဆောင်၌ ကျောင်းသားလူငယ်၊ လူရွယ်များ အသိဉာဏ်ပညာ ထက်မြက်စေရန်၊ အနာဂတ်လူရည်လူချွန်များဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ​ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ယမန်နေ့ကကျရောက်သည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.ထ.က(၁) ကျောင်းရွှေဂန္ဓမာခန်းမ၌ကျင်းပခဲ့သည်။

လားရှိုးမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ငရုတ်ကောင်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ တပ်မတော်ဆေးတပ်ဖွဲ့အား ဒေသခံပြည်သူများကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခွန်ဇော်နှင့် ဆေးတပ်ဖွဲ့တို့သည် ယနေ့နံနက် ၇ နာရီက ငရုတ်ကောင်းမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လိုက်လံကြည့်ရှုစစ်ဆေး

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လိုက်လံစစ်ဆေးခြင်း များ ပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သံဝဏ်လွှာဖတ်ပွဲ၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အပိုဆောင်း ကာကွယ်ဆေး (Booster)များ  ထိုးနှံပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်း စေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုး နှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to