မန်တုံ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေလီခန်းမဆောင်၌ ကျောင်းသားလူငယ်၊ လူရွယ်များ အသိဉာဏ်ပညာ ထက်မြက်စေရန်၊ အနာဂတ်လူရည်လူချွန်များဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောက ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားပြီး မန်တုံမြို့နယ် အခြေခံပညာကျောင်းများရှိ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် (၃၅)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် (၃၈)ဦး ၊စုစုပေါင်း (၇၃)ဦးမှ ရေးဖြေနှင့်နှုတ်ဖြေများဖြင့် ပြိုင်ပွဲဝင်ခဲ့ကြောင်းသိရသည်။
မန်တုံ
ပြန်/ဆက်