ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အပိုဆောင်း ကာကွယ်ဆေး (Booster)များ  ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်း စေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုး နှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ(၁၉၆၉၂၀)ဦးရှိသည့်အနက်    အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၁၆၇၈၃၄)ဦး၊ ပထမအကြိမ်(Booster) အပိုဆောင်းထိုးနှံပြီး စီးမှုအဖြစ် ပြည်သူ (၃၀၈၈၂)ဦး၊  ဒုတိယအကြိမ် (Booster) အပိုဆောင်းထိုးနှံမှုအဖြစ် (၃၆၀)ဦး ထိုးနှံပြီးစီးကြောင်း သိရပြီး အပိုထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရန် ကျန်ရှိသူများ ကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း