ဒေးဒရဲမြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး() ကြောင်းဖြင့် ပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ​ယနေ့နံနက်(၁)နာရီက အမှတ်()ရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မိမိတို့အဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူလူထု၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းတွေ့ဆုံ၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ မြို့သန့်ရှင်းသာယာလှပရေး၊ မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားပြီး

အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဧည့်စာရင်များ မပျက်မကွက် တိုင်ကြားရေး၊ ဧည့်သည်လက်ခံရာတွင် သေချာစွာစိစစ်၍ လက်ခံ​ရေးကိစ္စရပ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးသန်းလွင်က တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှုဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မွေးစာရင်း/သေစာရင်း တိုင်ကြားရေး၊ နိုင်ငံသားကတ် အိမ်ထောင်စုစာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုလုပ်ရေး၊ ပန်းခင်းစီမံချက် အဆင့်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊  တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ စနစ်သစ်ပညာရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ စာသင်ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ စာသင်ဆောင်၊ ဆရာ၊ ဆရာမ လိုအပ်ချက်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက နေအိမ်၊ လမ်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်စွန့်ပစ်ခြင်းနှင့် အမှိုက်သိမ်းဆည်းခြင်း၊ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးတို့တွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ကွက်များအတွင်း လမ်းများခင်းခြင်း၊ Box Culvert များ တည်ဆောက်ပြုပြင်ခြင်း နေအိမ်များ ဆောက်လုပ်ပြုပြင်ခြင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော မြို့ပေါ်ရပ်ကွက်များက ပြည်သူများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက် ပြည်သူလူထု၏ ရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် လိုအပ်ချက်မျာအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း