တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)တွင် ယမန်နေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစားပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါနားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဘေးရှိ၊ နောင်ခမ်းကန် သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။

နမ္မတူတွင် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၆)နာရီခွဲက မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ခန်းမတွင် ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

သထုံမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်မသန်စွမ်းသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲပိုင်းက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

မုံရွာမြို့၌ ကျင်းပလျက်ရှိသည့်  အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ထုတ်ကုန် ပစ္စည်းများ ဈေးရောင်းပွဲတော် ဒုတိယနေ့စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပ

မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပလျက်ရှိသည့်  စစ်ကိုင်းတိုင်းဒေသကြီး  အသေးစား ၊အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်(၈)နာရီကစ၍  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက်နေ့  ဒုတိယနေ့ မြောက်  ဆက်လက် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာတွင် ဈေးဝယ်များ၊ ဖျော်ဖြေရေး လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက် ရှိ‌ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကန်သာကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းနှင့် မြို့ပြလမ်း၊တံတား ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မကွေးမြို့သည် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကန်သာကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် (၇၅)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက  အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

သာယာဝတီမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပ​ခဲ့သည်။

မဘိမ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

 ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်တွင်အမှတ်(၂၁)ရပ်ကွက်လိန်ကုန်းကျေးရွာကွင်းအမှတ်(၂၈၃)တောင်သူဦးသန်းထွန်း၏တိုက်ရိုက်မျိုးစေ့ချ စိုက်ကွက်(၄)ဧကတွင်GW-11 စပါးအမျိုးအစားအားရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Subscribe to