ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည်ကျေးရွာတွင် စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျေိာက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းများကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန် က ဒေါင်းလည်ကျေးရွာအုပ်စု၊ ဒေါင်းလည်ကျေးရွာ သစ္စာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။