ကွတ်ခိုင် နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ယမန်နေ့ကကျရောက်သည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အ.ထ.က(၁) ကျောင်းရွှေဂန္ဓမာခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်းသီချင်း” ဖြင့် ဖွင့်လစ်ခဲ့ပြီး၊ ထို့နောက် ကွတ်ခိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသူ/ သားများအား မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာသူ များအား ဖြန့်ဝေပေးခဲ့ပြီး၊ ယင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ၊ ဆုရကျောင်းသား/သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး အခမ်းအနား အပြီးတွင် ဆုရကျောင်းသား/သူများ၏ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီများကို ပြသထားရာ တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)