မိုင်းလုံမြို့ ပြည်သူစာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

မိုင်းလုံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့ သည်။

ယခုလို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခြင်းဖြင့် ကလေးများ ဉာဏ်ရည်ထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်တက်သည့် အလေ့အကျင့်များရရှိစေရန်၊ စာကြည့်တိုက်ကိုအကျိုးရှိစွာ အသုံးချတက်ရန် ဆောင်ရွက်ပေးရခြင်းကို မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစု၀င်းက ပြောကြားပြီး‌‌နောက် ပြိုင်ပွဲကိုကျင်းပရာ အလယ်တန်းအဆင့် ကလေးငယ်(၁၂)ဦး တက်ရောက်ယှဉ်ပြိုင်ပြီး ကလေးငယ်များကို အာဟာရအဖြစ် မုန့်များကျွေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)