စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “စားသုံးသူရေးရာ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်

စစ်ကိုင်း နိုဝင်ဘာ၂၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ နိုဝင်ဘာ ၂၁ နေ့၊ မွန်းလွဲပိုင်းက၊ ကျင်းပ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Talk Show ကျင်းပဆောင်ရွက်ရာတွင် စစ်ကိုင်းခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုးက Talk Show ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များ၏ သက်မှတ်စည်းကမ်းချက်များ၊ ဥပဒေ/ နည်းဥပဒေများနှင့် ဖောက်ဖျက်ကျူးလွန်ပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များ၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူစားသုံးသည့် ပစ္စည်းများအပေါ် မြန်မာလိုရေးသားထားသည့် နေရပ်လိပ်စာ၊ ထုတ်လုပ်မှုရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ ပါ/မပါ စစ်ဆေးကြည့်ရှုပြီးမှ ဝယ်ယူအသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် Talk Show များကျင်းပခြင်း၊ သုတ/ရသစာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များအား ပြပွဲ/ပြိုင်ပွဲ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ဆက်)