ဝမ်းတွင်း နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက သဲတော−ဝမ်းတွင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်တွင် သင်္ချာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်တို့ကို နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီးလူတွေ့နှုတ်ဖြေပြိုင်ပွဲကို နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင်Grade-5 မှ Grade-9 ထိ ကျောင်းသား/ကျောင်းသူ(၁၃၈)ဦး ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade-5မှ Grade-9 ထိ (၁၁၄) ဦး၊ စုစုပေါင်း(၂၅၂)ဦး ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စွမ်းရည်ပြိုင်ကို မြို့နယ်ပညာရေးမှူး ဒေါ်သီတာနှင့်သဲတော−ဝမ်းတွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင့်နှင့် ဆရာ/ဆရာမများက ကြိးကြပ်မှုဖြင့် ဖြေဆိုကြကြောင်း သိရသည်။
ဌေးလှိုင်