မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ  အသိပညာပေးဆွေးနွေးပွဲ Talk Show အား ယနေ့နံနက် ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်နှင့်အညီ ပြု လုပ်ကျင်းပခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)၌ ကျောင်းတွင်း အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့၌ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ယမန်နေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် ကျင်းပသည်။

တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ၌ မှော်ဘီ (၂) မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ကွင်းအမှတ် (၂၅၆) ၊ ဦးပိုင်အမှတ် (၃၈/၁) ရှိ တောင်သူဦးထွန်းရီ စိုက်ပျိူးထားသော မှော်ဘီ (၂) မိုးစပါးစံကွက်အား နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် Physical Fitness Dance ကိုယ်ကာယလေ့ကျင့်မှုများ ဆောင်ရွက်

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက Physical Fitness Dance ကိုယ်ကာယလေ့ကျင့်‌မှုများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း ငါးသယံဇာတများ တိုးပွားစေရေး၊ ဒေသတွင်းငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးစားသုံးမှုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း ရေပြင်ကျယ်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇:၃၀) အချိန်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌  သံလွင်မြစ်အတွင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေ ရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

ဆွမ်ပရာဘွမ် အမက(ကဘရန်ခူး)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ကဘရန်ခူးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲချိန်က အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to