ပညာသင်သာမဏေများအား စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့ရတနာစည်၊ကျောင်းပြင်ပ ပညာရေးကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ (၂၃)နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ  စာအုပ်၊ စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်မြို့ တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်ဘာသာ စကားပြောနှင့် ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု၊ ပြသနာဖြေရှင်းခြင်း နည်းလမ်းများ ရှာဖွေတတ်စေရန် ရည်ရွယ်၍ မူလတန်းအဆင့် (GRADR-5) မှ (GRADR-၉) အတန်းများတွင် သင်ကြားလျက်ရှိသော အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ သွားရောက်ငှား ရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းတွင် သွားရောက်ငှား ရမ်းပေးခဲ့သည်။

မြိတ်မြို့တွင် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကျား/မအခြေပြု အကြမ်းဖက်မှု (GVB) အသိပညာပေးသင်တန်းကို မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာ(၂၃)ရက် နံနက်ပိုင်းက မြိတ်မူလတန်းကြိုကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ပဲစင်းငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရ သည်။

မက်မန်းမြို့၌ ဒေသဝက်မွေးမြူရေးအကြောင်း အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ ပြည်သူများမွေးမြူရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဒေသဝက် မွေးမြူရေးအကြောင်းအသိပညာပေး(Talk Show )ကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။

တောင်တွင်းကြီး-‌အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီး

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမူ့အခြေအနေကို ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Subscribe to