တမူး နိုဝင်ဘာ (၂၃)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာ ကွင်းအမှတ် (၂၅၆) ၊ ဦးပိုင်အမှတ် (၃၈/၁) ရှိ တောင်သူဦးထွန်းရီ စိုက်ပျိူးထားသော မှော်ဘီ (၂) မိုးစပါးစံကွက်အား နိုဝင်ဘာလ (၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မြတ်မြတ်စိုးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ကြပြီး (၆.၆) ပေ စံကွက်အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် အစိုပျမ်းမျ (၁၀၉.၃၄) တင်း ထွက်ရှိခဲ့ပြီး တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ စိုက်ပျိုးနည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။
တမူးမြို့နယ်တွင် မိုးစပါးဧက (၄၈၆၉၇) ဧကစိုက်ပျိုးထားရှိသည့်အနက် မိုးစပါး မျိုးစေ့ထုတ် (၁၈၅) ဧကစိုက်ပျိုး ထားကြောင်း တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ရတနာ တမူးခရိုင် (ပြန်/ဆက်)