မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ကော့သောင်း  နိုဝင်ဘာ ၂၃

မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ  အသိပညာပေးဆွေးနွေးပွဲ Talk Show အား ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်နှင့်အညီ ပြု လုပ်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ကမ္ဘာ့ပေါ်တွင်မီးခိုးမြူငွေ့များဖြစ်ပေါ်လာရခြင်းသိကောင်းစရာများ၊ မီးခိုးမြူငွေ့များကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင်းအပေါ် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုင်ရာဆိုးကျိုးများ၊ မီးခုးမြူငွေ့များကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စဉ်များ၊ မီးခိုး မြူငွေ့များနှင့်ပတ်သက်၍  အများပြည်သူ သတိပြုရမည့်အချက်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေမှုအခြေအနေများနှင့် အနာဂါတ်မျိုးဆက်များအတွက် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်ကျင်ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကျင့်သုံးလုပ်ဆောင်သွားကြရန်အကြံပြု အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)