မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5) သင်ရိုးသစ်နှင့် အလယ်တန်းဆင့် (Grade-9) သင်ရိုးဟောင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်()နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် ခရိုင်ပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးဝင်းတို့က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သက်မူ၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဇော်ထူးနှင့် လွိုင်လင်ခရိုင် ပညာရေးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှစန္ဒာစိုးတို့က သက်ဆိုင်ရာဘာရပ်များ အလိုက် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းရှူးခရိုင်အတွင်းရှိ မြို့နယ်များမှ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ (၁၅၆) ဦး တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)